ဒီပို့စ်လေးကလည်းလိုအပ်နိုင်တဲ့နည်းပညာတစ်ခုလို့ထင်ပြီတင်ပေးရတာပါ။
Android Mobile OS တွေဟာ Free Version တွေဖြစ်ပေမယ့်
သက်ဆိုင်ရာ Device ထုတ်လုပ်သူတွေကStay Version အဖြစ်သာထုတ်ပေးကြပါတယ်။ဒါကြောင်း အချို့သော Program များနဲ့ Application များကို
ထည့်သွင်းအသုံးပြုသောအခါ ပြဿနာအချို့ရှိလာပါတယ်။ ဒီထက်ရှင်းအောင်ပြောရလျှင် စာဖတ်သူကို ကိုင်ဆောင်သူအဆင့် (User) အဖြစ်သာပေးထားတာပါ။ (Administrator) အဖြစ် မပေးထားပါဘူး။ ဉပမာ-/ပြောရလျှင် မြန်မာဖောင့်ထည့်တဲ့အခါမျိုးမှာပါ။ Administrator အခွင့်အရေးလေးတော့ရှိဖို့လိုလာပါတယ်။ Linux မှာ Kernal တွေကိုစိတ်ကြိုက်လုပ်ခွင့်ရရန် Rooting လုပ်ငန်းစဉ်တစ်ခုပါတယ။် Android ဟာလညုး် Linux ကိုအခြေခံပြုတည်ဆောက်ထားတာကြောင့် ဒီစကားလုံးဟာ အလွယ်ပင်ဆင်းသက်လာတာပါ။ ဒါကြောင့်စာဖတ်သူဟာမိမိရဲ့ Device ကို Administrator တစ်ယောက်ပမာနလုပ်ဆောင်ဖို့လိုလာတဲ့အခါနှင့် သီးသန့်ခွဲထွက်ပြီး လုပ်ဆေါာင်လိုလာတဲ့အခါတွေမှာ Root လုပ်ငန်းကို လုပ်ပေးဖို့လိုလာပါတယ်။ Device မှ Administrator Permissons ကိုစာဖတ်သူအားပေးလိုက်တဲ့အခါ မှူရင်းထုတ်ကုန်ကို ဆန့်ကျင်ရာသက်ရောက်တာကြောင့် Warranty ကိစ္စတော့ပျက်စီးသွားနိုင်ပါတယ်။ သို့သော်လည်း အချို့သောဖုန်းအရောင်းဆိုင်များမှာ Rooting လုပ်ဆောင်ချက်ကြောင့် ပျက်စီးရင်ါသာWarranty မပေးပဲ၊ Rooting လုပ်ထားသော်လည်း အခြားသောသတ်မှတ်ထားသည့် ပြဿနာအတွင်း ဘောင်ဝင်လျှင် Warranty မဆုံးရှံးတာတွေလည်းရှိပါတယ်။

0 comments:
Post a Comment